(၅၈)နှစ်မြောက်အာဆီယံနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲအခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက် (၉-၈-၂၀၂၅ ရက်)

(၉-၈-၂၀၂၅ ရက်နေ့၊ မနီလာမြို့)

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ASEAN Centre for Biodiversity (ACB) နှင့် University of Philippines Las Banos တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၅၈) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲအခမ်းအနားကို Makiling Botanic Gardens ၌ ၉-၈-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေး ဖက်နိုင်ငံများမှ သံရုံးအကြီးအကဲများ၊ ဒုတိယအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံဦးစိုးကိုကိုမှ တက်ရောက်၍ အထိမ်းအမှတ်သစ်ပင်များ အသီးသီး စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ASEAN Centre for Biodiversity (ACB) တွင် ACB Executive Director Dr. Jerome L. Montamayor က အခမ်းအနားတက်ရောက်လာသူများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ma. Theresa p. Lazaro နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Ma. Hellen B. Dela Vega တို့က အာဆီယံနေ့ အထိမ်းအမှတ် မိန့်ခွန်းများအသီးသီးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။