အာဆီယံကော်မတီဝါရှင်တန်(ACW)နှင့် အမေရိကန်ပို့ဆောင်ရေးဝန်ကြီးဌာန၊ ခေတ္တလက်ထောက်ဝန်ကြီးတို့ အလုပ်သဘောနေ့လယ်စာစားပွဲတွေ့ဆုံခြင်းသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် 

(၆-၁၁-၂၀၂၅ ရက်၊ ဝါရှင်တန်) ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ လှုပ်ရှားမှုအဖြစ် ကော်မတီအဖွဲ့ဝင် သံရုံးအကြီးအကဲများနှင့် အမေရိကန်ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ခေတ္တလက်ထောက်ဝန်ကြီး Mr. Daniel Edwards…

ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်မှ ဟောင်ကောင်ဒေသအစိုးရ သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးအား သွားရောက်တွေ့ဆုံ

(၆-၁၁-၂၀၂၅ ရက်၊ ဟောင်ကောင်) မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်ဒေသအစိုးရ သံတမန်ရေးရာ ဌာန အကြီးအကဲ ညွှန်ကြားရေးမှူး Ms. Kerry POON အား ၅-၁၁-၂၀၂၅ ရက် (၁၄၃၀) နာရီတွင် ဟောင်ကောင်အစိုးရရုံး၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။ …

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ကျင်းပသည့် ဆွေးနွေးပွဲသို့ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

(၆-၁၁-၂၀၂၅၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ယူနန် ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံး၌ ၆-၁၁-၂၀၂၅ ရက်တွင် ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ၏ နိုင်ငံခြားရေးရာကော်မတီရုံးမှ ဦးစီးကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ စတုတ္ထအကြိမ်မြောက်…

သံအမတ်ကြီး ဦးနေမျိုးဦး ဆော်ဒီအာရေဗျနိုင်ငံ သံတမန်ရေးရာ ဒုတိယဝန်ကြီးထံ ခန့်အပ်လွှာမိတ္တူပေးအပ်

(၅-၁၁-၂၀၂၅ ၊ ရီရတ်ဒ်)  ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးနေမျိုးဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အဗ္ဗဒူလ်မာဂျစ် ဘင် ရာရှစ်…

ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၀၂၅ ချုံချင့်နိုင်ငံတကာခရီးသွားအေဂျင့်ကွန်ဖရင့်သို့ တက်ရောက်အမှာစကားပြောကြားခဲ့ခြင်း

(၅-၁၁-၂၀၂၅ရက်၊ ချုံချင့်)  ချုံချင့်မြူနီစီပယ်မြို့တွင် ၅-၁၁-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၅ ချုံချင့် နိုင်ငံတကာ ခရီးသွားအေဂျင့်ကွန်ဖရင့်သို့ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းမှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။  ဖွင့်ပွဲအခမ်းအနား၌ ချုံချင့်မြူနီစီပယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ…

ချင်းမိုင်မြို့တွင် သီတင်းသုံးတော်မူသော မြန်မာသံဃာတော်များအား (၁၄)ကြိမ်မြောက် ကထိန်လျာသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

(၅-၁၁-၂၀၂၅ရက်၊ချင်းမိုင်)  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ အရှင်ကောဏ္ဍည မထေရ်မြတ်အမှူးရှိ သော ကျောင်းတိုက်တွင် ဝါဆိုဝါကပ်တော်မူသော သံဃာတော်အရှင်သူမြတ်များအား (၁၄)ကြိမ် မြောက် ကထိန်လျာသင်္ကန်းကပ်လှူပူဇော်ပွဲအား ၅-၁၁-၂၀၂၅ ရက်တွင် အဆိုပါ…

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ၏ (၁၄) ကြိမ်မြောက်ညီလာခံသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်မိန့်ခွန်းပြောကြား

(၄-၁၁-၂၀၂၅ ရက်၊ ဗီယင်နာ) ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်း များဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ၄-၁၁-၂၀၂၅ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကယ်ဒမီ (IACA) အဖွဲ့ဝင်နိုင်ငံများ၏ (၁၄)ကြိမ်မြောက်…

အယ်လ်ဘေးနီးယားဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်း စာအုပ်တွင် မြန်မာသံအမတ်ကြီး လက်မှတ်ရေးထိုး

(၃-၁၁-၂၀၂၅ ရက်၊ ဗီယင်နာ) ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှ သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့ရှိ အယ်လ်ဘေးနီးယားသံရုံး သို့ ၃-၁၁-၂၀၂၅ ရက်တွင်သွားရောက်၍ အယ်လ်ဘေးနီးယားနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Fatos Nano ၃၁-၁၀-၂၀၂၅…

ဗီယက်နမ်နိုင်ငံ Thanh Hoa ပြည်နယ်ရှိ သန္တိသုခဝိဟာရကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် ကထိန်လျာ သင်္ကန်းကပ်လှူပူဇော်ပွဲသို့တက်ရောက်၍ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ (မြန်မာ-ရိုမန်) ပါဠိတော်ကျမ်း စာအုပ်များ လှူဒါန်း

(၃-၁၁-၂၀၂၅ ရက်၊ ဟနွိုင်း) ဗီယက်နမ်နိုင်ငံ၊ Thanh Hoa ပြည်နယ်ရှိ သန္တိသုခဝိဟာရကျောင်းတိုက်၌ ကထိန်လျာသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအား ဗီယက်နမ်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိက္ခဉာဏ၊ မြန်မာနိုင်ငံမှ ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသနှင့် ဘဒ္ဒန္တထေရိန္ဒာလင်္ကာရတို့က အမှူးပြုလျက်၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁…

2025 ASEAN Media Partners Cooperation Week သို့ မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် မြန်မာကောင်စစ်ဝန်ချုပ်တို့ တက်ရောက်

(၃-၁၁-၂၀၂၅ ရက်၊ နန်နင်းမြို့) တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ၃-၁၁-၂၀၂၅ ရက်နေ့၌ ကျင်းပသော 2025 ASEAN Media Partners Cooperation Week ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော…