Editor Picks
Main News
Recent Posts
Latest News
Load MoreAnnouncement
Load Moreထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏ ဗီဇာဆိုင်ရာ စည်းမျဉ်းသစ်များ ပြင်ဆင်ပြောင်းလဲမှုနှင့် ပတ်သက်၍ သိရှိစေရန် အသိပေးကြေညာခြင်း
(၂၂-၉-၂၀၂၆၊ နေပြည်တော်) ၁။ ထိုင်းနိုင်ငံ၏ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားလာပါသည်။ အဆိုပါပြင်ဆင်ထားသည့် စည်းမျဉ်းများသည် ၁၅-၉-၂၀၂၆ ရက်မှ စတင် အသက်ဝင်မည် ဖြစ်ကာ ယင်းရက်မတိုင်မီ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးဖြစ်သော နိုင်ငံခြားသားခရီးသွား ဧည့်သည်များအပေါ် သက်ရောက်မှုမရှိကြောင်း သိရှိရပါသည်။ ၂။ …
အငယ်တန်းစာရေးရာထူး (၃၀)နေရာအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ အမည်စာရင်း အသိပေးကြေညာချက်
(၁၅-၉-၂၀၂၆၊ နေပြည်တော်) အသိပေးကြေညာချက်(ခုံအမှတ်)MOFADownload
Press Release
Load Moreပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည် ဖြစ်သည်။ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊…
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် ကောင်စစ်ဆိုင်ရာ ကူညီဆောင်ရွက်မှုများကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ…
သံအမတ်ကြီး ဦးအေးမင်းထွေး အား အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးအေးမင်းထွေး အား အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။ ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍…
သံအမတ်ကြီး ဦးမျိုးမိုးအောင် အား ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမျိုးမိုးအောင် အား ၎င်း၏လက်ရှိတာဝန်ဝတ္တရားများအပြင် ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေ ပြည် တော် ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်
Embassy News
Infographic Sheet


Cyclone Mocha: Response and Recovery Progress Report
6 May to 30 June 2023
MOFA Fact Sheet












