စာရေးသူ: MOFA
အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန် (၂၈၆) ကြိမ်မြောက် အာဆီယံ-ကိုင်ရို ကော်မတီအစည်းအဝေးသို့ တက်ရောက်၍ အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေး၊ မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အလုပ်သဘောညစာစားပွဲ ပြုလုပ်ခဲ့ခြင်း
(၁၅-၉-၂၀၂၆၊ ကိုင်ရို) အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၁၃-၉-၂၀၂၆ ရက်နေ့ ညနေ ၀၆၀၀ နာရီတွင် ကိုင်ရိုမြို့ Four Seasons ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် (၂၈၆) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများ အဆင့်အစည်းအဝေးသို့…
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ (၇၀) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
(၁၅-၉-၂၀၂၆၊ ဗီယင်နာ) အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ (၇၀) ကြိမ်မြောက် အထွေထွေညီလာခံကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ၁၄-၉-၂၀၂၆ ရက်မှ ၁၈-၉-၂၀၂၆ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီမောင်မောင်နှင့်အတူ…
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အာဆီယံမိသားစုနေ့အခမ်းအနားသို့ မြန်မာသံရုံး၊ ဟနွိုင်းမြို့ ပါဝင်ဆင်နွှဲ
(၁၄-၉-၂၀၂၆၊ ဟနွိုင်း) ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးစီစဉ်သည့် အာဆီယံမိသားစုနေ့အခမ်းအနားအား ၁၂-၉-၂၀၂၆ ရက်တွင် ဟနွိုင်းမြို့ရှိ Swan Lake Ecopark ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်းနှင့်ဇနီး၊ သံရုံးဝန်ထမ်းများ ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါအခမ်းအနားအား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊…
မြန်မာသံရုံးသစ် (၂) ထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်မှု အခြေအနေဆိုင်ရာ အစည်းအဝေးသို့ သံအမတ်ကြီး ဦးစိုးသက်နောင် တက်ရောက်
(၁၃-၉-၂၀၂၆၊ ဘန်ဒါဆရီဘီဂါဝန်) မြန်မာသံရုံးသစ် (၂) ထပ်အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်နေမှုအပေါ် မြေပြင်လုပ်ငန်းစဉ်များ စိစစ်ကြီးကြပ်ရေးနှင့်စပ်လျဉ်း၍ လစဉ်ပြုလုပ်သည့် လုပ်ငန်းခွင်တိုးတက်မှု အခြေအနေဆိုင်ရာ အစည်းအဝေးအား ၁၀-၉-၂၀၂၆ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် သံရုံးသစ်ဆောက်လုပ်ရေးလုပ်ငန်းခွင် ရုံးခန်း၌…
ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ဆားဘီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးအား သွားရောက်တွေ့ဆုံ
(၁၃-၉-၂၀၂၆၊ ဘဲလ်ဂရိတ်) ဆားဘီးယားနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးသန်းထွေးသည် ဆားဘီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး H.E Mrs. Tamara Rastovac Siamashvili အား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက်…
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။ ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့်…
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း သမိုင်းဝင် အန်ကောဝပ်နှင့် ဘေရွန်ဘုရားကျောင်းတော်များသို့ သွားရောက်ကြည့်ရှုလေ့လာ
ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဆီရမ်ရိမြို့၊ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်နှင့် ဘေရွန်ဘုရားကျောင်းတော် တို့အား သွားရောက်ကြည့်ရှုလေ့လာသည်။…

