နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

(၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို့သို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ် ပြီးဆုံး၍ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ယနေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိသည်။

#Reference:PPIB