ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး က ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအား သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံ (၁၂-၈-၂၀၂၅ ရက်)

(၁၂-၈-၂၀၂၅ ရက်၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဟနွိုင်းမြို့ အခြေစိုက် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ချူကိုဖုန်း အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ၁၄၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ်ချစ်ကြည်ရေးအသင်းများ သမဂ္ဂရုံးသို့ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာသံရုံးနှင့် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့အကြား ထိတွေ့ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာ့ရိုးရာအမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။