သံအမတ်ကြီး ဦးစိုးသက်နောင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်
ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးစိုးသက်နောင်သည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ အီစတာနာနန်းတော်၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင်…

