အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ သံတမန်ဌာနအကြီးအမှူးထံ ခန့်အပ်လွှာမိတ္တူပေးအပ်
(၈-၁၀-၂၀၂၆၊ နယူးဒေလီ) အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် ၇-၁၀-၂၀၂၆ ရက်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ သံတမန်ဌာနအကြီးအမှူး Mr. Ashish Sharma ထံသို့ သွားရောက်တွေ့ဆုံ၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား…

