(၂၂၅) ကြိမ်မြောက် ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

(၁၀-၁၀-၂၀၂၆၊ ပါရီ) ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကိုဌာနချုပ်၌ (၂၂၅) ကြိမ်မြောက် ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ…

ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းက ယူအေအီးနိုင်ငံဆိုင်ရာ အိုမန်သံအမတ်ကြီးအား သွားရောက်တွေ့ဆုံခဲ့ခြင်း

(၁၀-၁၀-၂၀၂၆၊ အဘူဒါဘီ) ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၇-၁၀-၂၀၂၆ ရက်တွင် အဘူဒါဘီမြို့ရှိ အိုမန်သံရုံး၌ သံအမတ်ကြီး H.E. Dr. Ahmed Hilal Saud Al-Busaidi အား သွားရောက်တွေ့ဆုံခဲ့ပါသည်။ ​ထိုသို့ တွေ့ဆုံစဉ်…

ဥရောပကောင်စီဥက္ကဋ္ဌနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ သံအမတ်ကြီးများ၏ အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ခြင်း

(၉-၁၀-၂၀၂၆၊ ဘရပ်ဆဲလ်) ​ဥရောပကောင်စီဥက္ကဋ္ဌ (President of the European Council) H.E. Mr. António Costa နှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN-Brussels Committee – ABC) သံအမတ်ကြီးများ၏ အလုပ်သဘောနေ့လယ်စာစားပွဲကို…

ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ အဖွဲ့အစည်း (OPCW) ၏ (၁၁၃) ကြိမ်မြောက် အမှုဆောင်ကောင်စီအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ခြင်း

(၉-၁၀-၂၀၂၆၊ သည်ဟိတ်ဂ်) မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံ ဒေါက်တာခင်သီတာအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ အဖွဲ့အစည်း (Organisation for the Prohibition of Chemical…

(၄၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာသံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၉-၁၀-၂၀၂၆၊ မနီလာ) ​ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ၅-၁၀-၂၀၂၆ ရက်မှ ၈-၁၀-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၄၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မနီလာမြို့၊ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/…

Global Food Security Summit သို့ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း ပါဝင်တက်ရောက်ခဲ့ခြင်း

(၉-၁၀-၂၀၂၆၊ အဘူဒါဘီ) ယူအေအီးနိုင်ငံ၊ အဘူဒါဘီ စိုက်ပျိုးရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့နှင့် အဘူဒါဘီအမျိုးသားပြပွဲစင်တာတို့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် (အင်္ဂါနေ့)၊ ၀၉၃၀ နာရီအချိန်တွင် အဘူဒါဘီ အမျိုးသားပြပွဲစင်တာ…

ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း ယူအေအီးပြည်ပ ကုန်သွယ်ရေးဝန်ကြီး H.E. Dr. Thani bin Ahmed Al Zeyoudi နှင့် အာဆီယံသံအမတ်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၉-၁၀-၂၀၂၆၊ အဘူဒါဘီ) ယူအေအီးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် (အင်္ဂါနေ့)၊ ၁၃၃၀ နာရီအချိန်မှ ၁၄၃၀ နာရီအချိန်ထိ အဘူဒါဘီမြို့၊ Al Maamoura Building B…