နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Congress on Climate Justice သို့ ပါဝင်တက်ရောက်

(၂၀-၁၀-၂၀၂၆၊ မာနာဂွါ)

နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် ၁၉-၁၀-၂၀၂၆ ရက်တွင် နီကာရာဂွါနိုင်ငံ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတဝန်ကြီးဌာန (MARENA) က သိပ္ပံမှ လက်တွေ့ဆောင်ရွက်မှုဆီသို့ (From Science to Action) ခေါင်းစဉ်ဖြင့် ကျင်းပသည့် Congress on Climate Justice သို့ ပါဝင်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတဝန်ကြီး H.E. Mr. Javier Gutirrez၊ လူငယ်ရေးရာဝန်ကြီး H.E. Ms. Darling Hernndez နှင့် စိုက်ပျိုးရေးဝန်ကြီး H.E. Mr. Jeovani lvarez တို့က ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ ရာသီဥတုဆိုင်ရာ တရားမျှတမှု၊ နိုင်ငံများ၏ တူညီသော်လည်း ကွဲပြားခြားနားသည့် တာဝန်ဝတ္တရားများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ရာသီဥတုဆိုင်ရာ ဘဏ္ဍာငွေပံ့ပိုးမှုတို့၏ အရေးပါမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လူငယ်များ၏ ပါဝင်ဆောင်ရွက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေးလုပ်ငန်းများမြှင့်တင်ရေးနှင့် သိပ္ပံနည်းပညာဆိုင်ရာ အသိပညာများကို လက်တွေ့ဆောင်ရွက်မှုများအဖြစ် အကောင်အထည်ဖော်ရေးတို့ကို အလေးထားပြောကြားခဲ့ကြသည်။

အဆိုပါညီလာခံသို့ နီကာရာဂွါအစိုးရဌာနများမှ တာဝန်ရှိသူများ၊ နီကာရာဂွါနိုင်ငံ အခြေစိုက် သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် လူငယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။