မြန်မာသံအမတ်ကြီး ဦးဇော်ဦး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဌာန ညွှန်ကြားရေးမှူချုပ်ထံ သွားရောက်တွေ့ဆုံ (၁၁-၈-၂၀၂၅ ရက်)

(၁၁-၈-၂၀၂၅၊ တီဟီရန်)

အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားသည့် အိန္ဒိယနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ ၁၄:၀၀ နာရီတွင် တီဟီရန်မြို့ရှိ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဌာန ညွှန်ကြားရေးမှူးချုပ် H.E. Mr. Ali Asghar Mohammadi နှင့် တွေ့ဆုံမိတ်ဆက်ခဲ့ပြီး မြန်မာ-အီရန်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။