(၂၁-၁၀-၂၀၂၆၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် နယူးဒေလီမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများဖြစ်သည့် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Rath Many နှင့် မလေးရှားမဟာမင်းကြီးရုံး၏ သံရုံးယာယီတာဝန်ခံ Mdm. Sharifah Ezneeda Wafa တို့ကို ၂၁-၁၀-၂၀၂၆ ရက်တွင် သီးခြားစီ သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။






