(၂၇-၁၀-၂၀၂၆၊ ကူမင်း)
ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ယူနန်ပြည်နယ်၊ ပြည်သူ့လုံခြုံရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာကျန်းချင်းရှင်းနှင့် ၂၇-၁၀-၂၀၂၆ ရက်တွင် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၊ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်နေမှု အခြေအနေများ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကဏ္ဍများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယူနန်ပြည်နယ်ရှိ မြန်မာနိုင်ငံသားအကျိုးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


