မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်က စင်ကာပူနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၃-၁၀-၂၀၂၆၊ စင်ကာပူ)

မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်က စင်ကာပူနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Sergey Ganzha အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေရန် ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။