အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေး အိန္ဒိယနိုင်ငံဆိုင်ရာ ဘရူးနိုင်းသံအမတ်ကြီးအား နှုတ်ခွန်းဆက်တွေ့ဆုံ

(၂၃-၁၀-၂၀၂၆၊ နယူးဒေလီ)

​အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် နယူးဒေလီမြို့အခြေစိုက် ဘရူးနိုင်းဒါရူဆလမ်သံရုံးမှ သံအမတ်ကြီး H.E. Mrs. Siti Arnyfariza Binti Mohd. Jaini ထံသို့ ၂၃-၁၀-၂၀၂၆ ရက်တွင် သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။