(၂၃-၁၀-၂၀၂၆၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်းသည် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ H.E. Mrs. Nguyen Minh Hang အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ မွန်းလွဲ ၁၅၃၀ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားများ တိုးမြှင့်ဖော်ဆောင်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။


