(၂၀-၁၀-၂၀၂၆၊ ဗီယင်နာ)
၈-၈-၂၀၂၆ ရက်တွင် ကျရောက်သော (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် အာဆီယံသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမိသားစုများ ပျော်ပွဲရွှင်ပွဲ (ASEAN Family Day) ကို ၁၈-၁၀-၂၀၂၆ ရက်တွင် မလေးရှားသံရုံးမှ ကြီးမှူး၍ ဗီယင်နာမြို့ရှိ ဒိုနောင်းပန်းခြံ၌ ကျင်းပခဲ့ရာ မြန်မာသံရုံးနှင့် အဖွဲ့ရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့် မြန်မာသံရုံး/ အဖွဲ့ရုံး ဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခဲ့သည်။
အဆိုပါအခမ်းအနားတွင် အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ သံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် H.E. Mrs. Dato Fenny Nuli နှင့် ဗီယင်နာမြို့တော်ကောင်စီဝင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Ms. Luise Däger-Gregori တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။ ထို့နောက် သံရုံး/ အဖွဲ့ရုံးများက သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက သီချင်းများ၊ အကများဖြင့် သီဆိုဖျော်ဖြေခြင်း၊ နိုင်ငံအလိုက် ကျင်းပသည့် အားကစားပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အာဆီယံအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာသံရုံး/ အဖွဲ့ရုံးသည်လည်း မြန်မာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး အားကစားပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အသီးသီးဆွတ်ခူးရရှိခဲ့သည်။




