(၂၂-၉-၂၀၂၄ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့အခြေစိုက် အာဆီယံကော်မတီ (ဆိုးလ်) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်သံရုံးမှကြီးမှူး၍ ASEAN Family Day ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဆိုးလ်မြို့၊ Seoul Battleship Park ၌ ကျင်းပခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် ဦးဆောင်၍ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ အာဆီယံ-ကိုရီးယားဗဟိုဌာနမှ အတွင်းရေးမှူးချုပ်နှင့် အရာထမ်းများ၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များနှင့် မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် သံအမတ်ကြီး H.E. Ms. Mria Theresa Dizon-De Vega က အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ယင်းနောက် သံအမတ်ကြီးများပါဝင်ယှဉ်ပြိုင်သည့် Putting Game ပြိုင်ပွဲ၊ သံတမန်များနှင့် မိသားစုဝင်များ ပါဝင်ယှဉ်ပြိုင်ကြသည့် Ping-pong ၊ Captain’s Ball ၊ Musical Chairs ၊ Dodge Ball နှင့် Tug–of-War ပြိုင်ပွဲများကို ကျင်းပခဲ့ကြပြီးနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါ သည်။
အခမ်းအနားတွင် အာဆီယံသံရုံးများနှင့်အတူ မြန်မာသံရုံးမှလည်း မြန်မာ့ရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။



