(၂၀-၉-၂၀၂၄ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် အာရှနိုင်ငံ (၁၆) နိုင်ငံမှ အောင်မြင်ကျော်ကြားသည့် Brand ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသည့် ASEAN Retail-Chains and Franchise Federation (ARFF) မှ ၂၀-၉-၂၀၂၄ ရက်နေ့၊ ညနေပိုင်းတွင် Sheraton Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ARFF Annual Dinner သို့ ကွာလာလမ်ပူမြို့ အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
အခမ်းအနားအစီအစဉ်အတွင်း ASEAN Retailers Association Council ဖွင့်လှစ်ခြင်းနှင့် နှစ်ပတ်လည်အထိမ်းအမှတ် Cake Cutting အစီအစဉ်သို့ သံအမတ်ကြီး ဦးအောင်စိုးဝင်းအား တက်ရောက်ဂုဏ်ပြုပေးရန် ဖိတ်ကြားခဲ့ကြောင်း၊ အဆိုပါညစာစားပွဲသို့ မလေးရှားနိုင်ငံ၏ (၉) ယောက်မြောက်ဝန်ကြီးချုပ် YB Dato’ Sri Ismail Sabri မှ ARFF ၏ ဂုဏ်ထူးဆောင်နာယက အဖြစ်လည်းကောင်း၊ ခရီးသွားလာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး YB Khairul Firdaus Akbar Khan မှ အထူးဧည့်သည်တော်အဖြစ်လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



