(၁၀-၁-၂၀၂၄ ရက်၊ ပရာ့ဂ်)
ဟန်ဂေရီနိုင်ငံသမ္မတ Ms. Katalin Novak နှင့် ခင်ပွန်းတို့မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဇနီးများအား နှစ်သစ်ကူးတွေ့ဆုံနှုတ်ဆက်သည့် အခမ်းအနားကို ဘူဒါပတ်စ်မြို့ရှိ Museum of Fine Arts ၌ ကျင်းပခဲ့ရာ ချက်နိုင်ငံ၊ ပရာ့ဂ်မြို့အခြေစိုက် မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်နှင့်ဇနီးတို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားမစတင်မီ ဟန်ဂေရီ သမ္မတနှင့်ခင်ပွန်းတို့သည် တက်ရောက်လာသည့် သံရုံးအကြီးအကဲများနှင့်ဇနီးတို့အား Renaissance Hall ၌ ဝါစဉ်အလိုက် တစ်နိုင်ငံချင်းစီ လက်ခံတွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အခမ်းအနားတွင် ဟန်ဂေရီသမ္မတမှ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားပြီးနောက် သံတမန်များအဖွဲ့နာယကမှ နှစ်သစ်ကူးနှုတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဟန်ဂေရီနိုင်ငံ National Ballet Institute မှ အနုပညာရှင်များမှ ကပြဖျော်ဖြေခြင်း၊ တစ်ကိုယ်တော်တေးသီချင်းများ သီဆိုခြင်းများဖြင့် တင်ဆက်ခဲ့ကြပါသည်။
အဆိုပါ နှစ်သစ်ကူးတွေ့ဆုံနှုတ်ဆက်သည့်အခမ်းအနားသို့ ဟန်ဂေရီနိုင်ငံ သမ္မတနန်းတော် (Sandor Palace) မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

