မြန်မာသံရုံး၊ ပေကျင်းမြို့မှ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ (၁၁-၁-၂၀၂၄ ရက်)

(၁၁-၁-၂၀၂၄ ရက်၊ ပေကျင်း)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ ပေကျင်းမြို့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ၁၈၃၀ နာရီမှ ၂၀၀၀ နာရီအထိ ပေကျင်းမြို့၊ Empark Prime Hotel Beijing တွင် ကျင်းပခဲ့ပါသည်။  

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးချုပ်ရှန့်ဝေ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီး များနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ ဝန်ကြီးဌာနများနှင့် နိုင်ငံပိုင်ကုမ္ပဏီများမှ အကြီး အကဲများနှင့် တာဝန်ရှိသူများ၊ ပေကျင်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ အာဆီယံ-တရုတ်စင်တာ၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ အထွေထွေအတွင်း ရေးမှူးချုပ်၊ တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော် ချန်းကျန့်၊ တရုတ်နိုင်ငံရှိ စီးပွားရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်လျက်ရှိသည့် တရုတ်နိုင်ငံရှိ အဖွဲ့အစည်း များမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေမှ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး အတွက် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတို့ တွဲလက်ညီညီ ရင်ဆိုင် ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေခြင်းသာ ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စည်းကမ်းပြည့်ဝပြီး စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချခြင်း၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုစနစ်တည်ထောင်ခြင်း အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ရည်မှန်းချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဖော်ဆောင်လျက်ရှိပါကြောင်း၊ မိမိတို့ မိတ်ဆွေများအနေဖြင့် မြန်မာနိုင်ငံအပေါ် ထောက်ခံမှုနှင့် နားလည်မှုများ ဆက်လက် ပေးအပ်သွားမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို ပိုမိုခိုင်မာစေရန်နှင့် တစ်နိုင်ငံ၏အကျိုးစီးပွားကို တစ်နိုင်ငံမှ ကာကွယ်စောင့်ရှောက်နိုင်ရေး တရုတ်နိုင်ငံနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းဖြင့် အထိမ်းအမှတ်ဧည့်ခံပွဲဂုဏ်ပြု မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။ 

ထို့နောက် သံအမတ်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးတို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်မြင့်မားရေးအတွက် ဂုဏ်ပြု ဆုတောင်းခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာကျောင်းသူလေးများက “မင်္ဂလာပါ မြန်မာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ကြွရောက်လာကြသည့် ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများနှင့် တည့်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။