လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှ ပြန်လည်ထွက်ခွာ (နေပြည်တော်၊ ၁၂-၆-၂၀၂၆)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဇနီးတို့သည် လာအိုကိုယ်စားလှယ်အဖွဲ့ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက ပို့ဆောင်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်။