ရုရှားနိုင်ငံနေ့အထိမ်းအမှတ်အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်(၁၁-၆-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ရုရှားသံအမတ်ကြီး H.E. Mr. Denis Alipov ၏ ဖိတ်ကြားချက်အရ ၁၁-၆-၂၀၂၆ ရက်နေ့၊ ၁၉၀၀ နာရီတွင် ရုရှားသံရုံး၌ ကျင်းပသော ရုရှားနိုင်ငံနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန် H.E. Mr. Vikram Misri က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။