မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံဌာန၊ ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံ

(၂၇-၁၀-၂၀၂၆၊ စင်ကာပူ)

မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်သည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Harry GOH အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၁၁၀၀ နာရီတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးနှင့် ၂၀၂၇ ခုနှစ်တွင် စင်ကာပူနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်စဉ်အတွင်း အာဆီယံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။