မြန်မာသံရုံး၊ စင်ကာပူမြို့၊ သံရုံးယာယီ တာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင် သည် ၂၈-၄-၂၀၂၆ ရက်နေ့၊ နံနက် ၁၁၀၀ နာရီတွင် စင်ကာပူမြို့အခြေစိုက် ဖိလစ်ပိုင်နိုင်ငံ သံရုံးတွင် ကျင်းပပြုလုပ်သည့် Briefing on Strait of Hormuz Developments ရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးအား ဖိလစ်ပိုင်နိုင်ငံသံရုံးနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင် အေဂျင်စီ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ Ms. Sue-Ern Tan (Head of IEA Regional Cooperation Centre) က ကမ္ဘာလုံး ဆိုင်ရာရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံအပေါ် သက်ရောက်နိုင်ခြေရှိသည့် အခြေအနေများနှင့် IEA ၏ အရန်ရေနံသိုလှောင် မှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာ ကြသည့် သံအမတ်ကြီးများမှလည်း အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။


