မြန်မာနိုင်ငံတော်အစိုးရ၏ ပင့်ဖိတ်ချက်အရ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာအခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ဆရာတော် ဘဒ္ဒန္တမိုတက် အား မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) တို့က လေဆိပ်သို့ လိုက်ပါပို့ဆောင်(၂၈-၄-၂၀၂၆၊ ဆိုးလ်)


မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ ၃၀-၄-၂၀၂၆ ရက်မှ ၂-၅-၂၀၂၆ ရက်အထိ ကျင်းပမည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားသို့ မြန်မာနိုင်ငံတော်အစိုးရ၏ ပင့်ဖိတ်ချက်အရ ပါဝင်တက်ရောက်မည့် ကိုရီးယားသမ္မတနိုင်ငံမှ ဆရာတော် ဘဒ္ဒန္တမိုတက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင့်သူတို့သည် ၂၈-၄-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ပါသည်။
ဆရာတော် ဘဒ္ဒန္တမိုတက်သည် ကိုရီးယား-မြန်မာချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အသင်း (Diplomatic Corporation Korea-Myanmar Friendship Exchange Association)၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဆရာတော်ကြီးဖြစ်ပြီး ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရင်း နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရေးအတွက် ဆောင်ရွက်ပေးနေသူဖြစ်ပါသည