ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပခဲ့ခြင်း (၁၂-၁ -၂၀၂၄ရက်)

(၁၂-၁ -၂၀၂၄ရက်၊ ကူမင်း)

​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၂) ရက်နေ့ ၊ (၁၇:၃၀) မှ (၁၉:၃၀) နာရီအထိ ကူမင်းမြို့ရှိ Shining Star Hot Spring Hotel ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Rongjie မှ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်များနှင့်ဇနီးများ၊ သံတမန်များ၊ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲများမှ ဒုတိယမြို့တော်ဝန်များ၊ ဒုတိယအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ ကူမင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ တာဝန်ရှိသူများ၊ ကူမင်းမြို့၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူများ၊ ယူနန်ပြည်နယ် တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပညာသင်ကြားလျက် ရှိသည့် မြန်မာ‌ ကျောင်သား/ ကျောင်းသူများ၊ ယူနန်တက္ကသိုလ်များရှိ မြန်မာစာ သင်ကြားရေး ဌာနမှများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကူမင်းမြို့ရှိ မြန်မာအသိုင်းအဝိုင်း နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဧည့်သည်တော် စုစုပေါင်း (၂၅၀) နီးပါး တက်ရောက်ခဲ့ကြပါသည်။

​(၇၆) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတွင် ကောင်စစ်ဝန်ချုပ်၊ ဦးသော်တာအောင်မှ (၇၆) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့ပြီးဧည့်သည် တော်များအား မြန်မာအစားအစာ မုန့်ဟင်းခါး၊ တရုတ် အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ယူနန်ပြည်နယ် မင်ဆုတက္ကသိုလ်တွင် ပညာသင်ကြားနေ သော မြန်မာကျောင်းသား/သူများက သင်္ကြန်မိုးသီချင်းဖြင့်လည်းကောင်း၊ မြန်မာစာသင်ကြားနေကြသော တရုတ်ကျောင်းသား/သူများမှ ထာဝရသစ္စာ သီချင်းဖြင့်လည်းကောင်း မြန်မာ့ ယဉ်ကျေးမှု အက များဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြကာ မြန်မာ့ခရီးသွားရှု့ခင်းများ၊ မြန်မာ့ ယဉ်ကျေးမှု အဆို၊ အကများပါဝင်သည့် ဗီဒီယိုဖိုင်များ ပြသခဲ့ကြောင်း သိရှိရပါသည်။