(၁၂-၁-၂၀၂၄ ရက်၊ ပရီတိုးရီးယား)
တောင်အာဖရိကနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Yang Dong-Han သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ၁၂-၁-၂၀၂၄ ရက်နေ့၊ ၁၁၀၀ နာရီချိန်တွင် မြန်မာသံရုံးဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက အာရှဒေသသံတမန်များအဖွဲ့၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုများ ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများအပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


