(၁၇-၄-၂၀၂၃ ရက်၊ ချုံချင့်)
စစ်ချွမ်းပြည်နယ်၊ လဲ့ရှန်းမြို့ မြို့တော်ဝန်၏ ဖိတ်ကြားချက်အရ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဇော်လင်းဦးသည် ၁၇-၄-၂၀၂၃ ရက်တွင် လဲ့ရှန်းမြို့၊ မြူနီစီပယ်ကော်မတီ ပါတီအတွင်းရေးမှူး Mr. Ma Bo နှင့် မြို့တော်ဝန် Mr. Chen Guanghao တို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် လဲ့ရှန်းမြို့အကြား စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



