ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး

(၆-၃-၂၀၂၁ ရက်၊ ဆိုးလ်)

၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် Employment Permit System-EPS စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများနှင့် မြန်မာနိုင်ငံသားများအတွက် ၆-၃-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

၂။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၅:၄၅) နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားနှင့် မြန်မာနိုင်ငံသား စုစုပေါင်း (၈၄) ဦးတို့ စီးနင်းလိုက်ပါခဲ့ကြပါသည်။

၃။ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။