ရုရှားအမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးပါဝင်တက်ရောက်(၁၁-၆-၂၀၂၆၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Alexander Darchiev ၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ဝါရှင်တန်မြို့၊ ရုရှားသံရုံး၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲသို့ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲသို့ ဝါရှင်တန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲ များ၊ သံတမန်များ၊ စစ်သံမှူးများ၊ အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရုရှားနွယ်ဖွားများ၊ အမေရိကန်ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။