ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးကော်မရှင်တို့ ပူးပေါင်း၍ လန်ချန်း-မဲခေါင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ(၂၈-၈-၂၀၂၃ ရက်)

(၂၈-၈-၂၀၂၃ ရက်၊ ချုံချင့်)

ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးကော်မရှင်တို့ပူးပေါင်း၍ လန်ချန်း-မဲခေါင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲကို ၂၈-၈-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ဆွေးနွေးပွဲ၌ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ယာယီတာဝန်ခံ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ယင်းဆွေးနွေးပွဲသို့ ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မဲခေါင်နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ သင်တန်းသားများ၊ ချုံချင့်မြို့ရှိ စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။