အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးမှ အိန္ဒိယနိုင်ငံဆိုင်ရာ စင်ကာပူသံမတ်ကြီးအား နှုတ်ခွန်းဆက်တွေ့ဆုံ

(၂၈-၁၀-၂၀၂၆၊ နယူးဒေလီ)

​အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် နယူးဒေလီမြို့အခြေစိုက် စင်ကာပူမဟာမင်းကြီးရုံးမှ သံအမတ်ကြီး H.E. Mr. Simon Wong ထံသို့ ၂၈-၁၀-၂၀၂၆ ရက်တွင် သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။