(၂၆-၁၁-၂၀၂၃ ရက်၊ နယူးဒေလီ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ပန္နရသမအကြိမ် (၁၅ ကြိမ်မြောက်) မဇ္စျိမဒေသ ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး၊ နယူးဒေလီမြို့၊ မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊ လေ)မှ စစ်သံမှူးကြီးနှင့် မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊လေ) တို့မှဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေကြသည့် မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသည့် သံဃာတော်များ/သီလရှင်များအား လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။




