သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်လေကြောင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(၂၂-၁၀-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်လေကြောင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ Sheikh Humoud Mubarak H. J. Al-Sabah အား ၂၂-၁၀-၂၀၂၆ ရက် ၁၁:၀၀နာရီတွင် ကူဝိတ်မြို့ လေကြောင်းအာဏာပိုင်အဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား အရပ်ဘက်လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင် အဖွဲ့အစည်းများအကြား လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ အသစ်များ လက်မှတ်ရေးထိုးနိုင်ရေး၊ လေကြောင်းဆက်သွယ်မှု တိုးမြှင့်နိုင်ရေးနှင့် ယင်းမှတစ်ဆင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ပိုမိုကျယ်ပြန့်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။