သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် တောင်ကိုရီးယားနိုင်ငံမှ လူပုဂ္ဂိုလ်တစ်ဦးအား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်း(၂၄-၅-၂၀၂၃ ရက်)

(၂၄-၅-၂၀၂၃ ရက်၊ ဆိုးလ်)

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၃ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည့် Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို ၂၄–၅-၂၀၂၃ ရက်၊ ကိုရီးယားဒေသစံတော်ချိန်၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ ကျင်းပခဲ့ပါသည်။

 အစီအစဉ်အရ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းခံရသည့် Ms. LEE JUNG HEE အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။ ဘွဲ့တံဆိပ်လက်ခံရရှိသည့် Ms. LEE JUNG HEE က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ယင်းအခမ်းအနားသို့ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော် မိုတက်မှ ပါဝင်တက်ရောက်ခဲ့ပါသည်။

 ထို့နောက် မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ဆရာတော်မိုတက်နှင့် Ms. LEE JUNG HEE တို့အား မြန်မာ့ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။