(၁၁-၄-၂၀၂၆ ရက်၊ ဘန်ဒါဆရီဘီဂါဝန်)
ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှဦးစီးကျင်းပသည့် Raya Aidilfitri Celebration အခမ်းအနားကို ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ International Convention Centre (ICC)၌ ၁၁-၄-၂၀၂၆ ရက် (စနေနေ့)တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘရူနိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့်မြန်မာသံအမတ်ကြီး ဦးစိန်ဦးနှင့် မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ သံရုံးဝန်ထမ်းများမှ မြန်မာ့ရိုးရာအစားအသောက်များဖြင့် တည်ခင်း၍ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် Her Royal Highness Princess Hajah Masna, Ambassador-At-Large, Ministry of Foreign Affairs and Yang Teramat Mulia Paduka Seri Pengiran Anak Puteri Hajah Masna binti Al-Marhum Sultan Haji Omar Ali Saifuddin Sa’adul Khairi Waddien မှ ပါဝင်တက်ရောက်ခဲ့ပြီး၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) The Honourable Dato Seri Setia Haji Erywan bin Pehin Datu Pekerma Jaya Haji Mohd. Yusof နှင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ၊ ဘန်ဒါဆရီဘီဂါဝန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် သံရုံး(၂၄)ရုံးမှ ၎င်းတို့နိုင်ငံ၏ ထင်ရှားသည့် ရိုးရာအစားအသောက်များဖြင့် အသီးသီးတည်ခင်း၍ ပါဝင်ဆင်နွှဲခဲ့ပါသည်။



