(၁၅-၁-၂၀၂၄ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံ တရားသူကြီးချုပ်၏ ဖိတ်ကြားချက်အရ ကွာလာလမ်ပူမြို့ မြန်မာသံရုံး၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ၊ အစိုးရရုံးစိုက်ရာ ပူထရာဂျာယာရှိ Putrajaya International Convention Center ၌ ၁၅-၁-၂၀၂၄ ရက်နေ့၊ ၀၉၀၀ နာရီတွင် ကျင်းပပြုလုပ်သည့် မလေးရှားတရားစီရင်ရေးနှစ် ၂၀၂၄ ဖွင့်လှစ်ပွဲအခမ်းအနား (Opening of the Legal Year 2024) သို့ အာဆီယံသံအမတ်ကြီးများ၊ အခြားသံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မလေးရှားနိုင်ငံ ရှေ့နေများကောင်စီဥက္ကဋ္ဌ Datuk Ahmad Terrirudin Mohd Salleh ၊ မလေးရှားနိုင်ငံရှေ့နေချုပ် Ms. Karen Cheah Yee Lyn နှင့် မလေးရှားနိုင်ငံ တရားသူကြီးချုပ် Tengku Maimun Tuan Mat တို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး၊ မလေးရှားနိုင်ငံရှိ ပြည်ထောင်စုတရားရုံး၊ အယူခံတရားရုံးများနှင့် High Court အသီးသီးတို့မှ တရားသူကြီးများ၊ မှတ်ပုံတင်အရာရှိများနှင့် မလေးရှားအောက်လွှတ်တော်၊ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



