ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၁၃-၃-၂၀၂၃ ရက်)

(၁၃-၃-၂၀၂၃ ရက်၊ ဘရာဇီးလျား)

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mrs. Gloria Corina Anak Peter Tiwet အား ၁၃-၃-၂၀၂၃ရက်၊ (၁၄:၃၀) နာရီတွင် မြန်မာသံအမတ်ကြီး၏ နေအိမ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် ဘရာဇီးလျားမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် အိမ်ရှင်ဘရာဇီးလ် နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာသံရုံးနှင့် မလေးရှားသံရုံးတို့အကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။