ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် “World Maritime Day 2022” အခမ်းအနားသို့ တက်ရောက်(၃၀-၉-၂၀၂၂ ရက်)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization- IMO) ရုံးချုပ်အဆောက်အဦ၌ “New Technologies for Greener Shipping” ခေါင်းစဉ်ဖြင့် ၂၉-၉-၂၀၂၂ ရက်နေ့၊ လန်ဒန်ဒေသစံတော်ချိန် (၁၇:၀၀) နာရီတွင် ကျင်းပသည့် “World Maritime Day 2022” အခမ်းအနားသို့ မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးထွန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ IMO အတွင်းရေးမှူးချုပ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် IMO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ IMO ကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၅၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ကာ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။