တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံ(၅-၁-၂၀၂၃ ရက်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Wu Xi အား ၅-၁-၂၀၂၃ ရက်၊ ၁၄၃၀ နာရီတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
 
ထို့သို့တွေ့ဆုံစဉ် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပြီးဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် အပြန်အလှန်အကူအညီပေးအပ်ရေးအတွက် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။