(၁၈ ဇူလိုင် ၂၀၂၅၊ ဘာလင်)
ဘာလင်-အာဆီယံ ကော်မတီ (BAC) ၏ အလှည့်ကျဥက္ကဋ္ဌ ဂျာမနီနိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီးက စီစဉ်ကျင်းပသည့် ဘာလင်-အာဆီယံကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှုများသို့ မြန်မာသံရုံး၊ ဘာလင်မြို့က ပါဝင်တက်ရောက်ခဲ့ပါသည်။
ဘာလင်-အာဆီယံကော်မတီ (BAC) က ၁၆-၇-၂၀၂၅ ရက်တွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဂျာမနီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအတွက် နှုတ်ဆက် နေ့လယ်စာစားပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ၊ ဘာလင်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား တက်ရောက်လာကြသူများက တာဝန်ပြီးဆုံးအောင်မြင်စွာ ထမ်းဆောင်ခဲ့သည့် ဗီယက်နမ် သံအမတ်ကြီးအား ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး၊ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စ များတွင် အောင်မြင်စေရန် ဆုမွန်ကောင်းများ တောင်းခဲ့ကြပါသည်။
BAC ၏ အလှည့်ကျဥက္ကဋ္ဌ လာအိုသံအမတ်ကြီးက ၂၀-၅-၂၀၂၅ ရက်တွင် ဘာလင်-အာဆီယံကော်မတီ၏ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ရာ၊ အစည်းအဝေးတွင် အာဆီယံသံရုံး များက ဘာလင်-အာဆီယံကော်မတီ အစည်းအဝေးများ ပုံမှန်ကျင်းပသွားရေး၊ ASEAN Sports Day၊ ASEAN Day များ အတူတကွ ပူးပေါင်းကျင်းပသွားရေးနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံ များနှင့် အလုပ်သဘော နေ့လယ်စာ/ ညစာစားပွဲများ ပြုလုပ်ကာ ထိတွေ့ဆက်ဆံသွားရေး တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အလားတူ BAC ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌက ဘာလင်-အာဆီယံကော်မတီနှင့် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံဖြစ် သည့် နယူးဇီလန်တို့အကြား အလုပ်သဘော နေ့လယ်စာ စားပွဲ (Working Lunch) တစ်ရပ်ကို ၂၇-၅-၂၀၂၅ ရက်က ဘာလင်မြို့ရှိ Maritim proArte Hotel ၌ ကျင်းပခဲ့ရာ၊ ဘာလင်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများ စုံညီစွာ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဇူလိုင်လ ၁၆ ရက်က ပြုလုပ်ခဲ့သည့် နှုတ်ဆက်နေ့လယ်စာစားပွဲတွင် အာဆီယံသံရုံး များက BAC ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ လာအိုသံအမတ်ကြီးနှင့်သံရုံးဝန် ထမ်းများအနေဖြင့် ဘာလင်မြို့အခြေစိုက် အာဆီယံသံရုံးများအကြား နားလည်မှုမြှင့်တင်ရေးနှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာရှင်သန်စေရေးအတွက် ဘာလင်-အာဆီယံကော်မတီ၏ လှုပ်ရှား ဆောင်ရွက်မှုများအား ဦးဆောင်စီစဉ်ပေးလျက်ရှိမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ကြပါသည်။



