(၂၉-၁၁-၂၀၂၃ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၂၉-၁၁-၂၀၂၃ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ချုံချင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Wang Shufeng နှင့်လည်းကောင်း၊ (၁၃:၃၀) နာရီတွင် ချန်သူးနိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Yin Jian အားလည်းကောင်း ကောင်စစ်ဝန်ချုပ်ရုံး၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။
ချုံချင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ချုံချင့်မြို့တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေမှုအခြေအနေများ၊ ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ချုံချင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ချန်သူးနိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံစဉ် ချန်သူးမြို့နှင့် နိုင်ငံတကာကုန်သွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချန်သူးမြို့အကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ချန်သူးမြို့ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်ဘက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



