(၂၄-၃-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ နိုင်ငံခြားရေးရုံး၏ အကြီးတန်းသုတေသနအရာရှိဖြစ်သူ Mr. Wang Dan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်၊ ၁၅:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစသည့် အလားအလာရှိသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ရှာဖွေအကောင်အထည်ဖော်နိုင်ရေးနှင့် နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေရန် မြှင့်တင်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

