တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး(၁၅-၃-၂၀၂၃ရက်)

(၁၅-၃-၂၀၂၃ ရက်၊ ပေကျင်း) တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနှင့် ၁၅-၃-၂၀၂၃ ရက်၊ ၁၀၃၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက်…

(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ကျင်းပ (၁၄-၃-၂၀၂၃ ရက်)

(၁၄-၃-၂၀၂၃ ရက်၊ နယူးဒေလီ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်၊ ညနေပိုင်းတွင် Shangri-La Eros ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန Minister of State H.E. Shri B. L. Verma မှ ဧည့်သည်တော် (Guest of Honour) အဖြစ် တက်ရောက်ခဲ့ပြီး၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှအရာရှိကြီးများ၊ နယူးဒေလီမြို့ရှိ သံတမန်အဖွဲ့ နာယက၊ အာဆီယံနိုင်ငံများ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျော်ဂျီယာ၊ အီရန်၊ ကိုရီးယား၊ ကာဇက်စတန်၊ ကူဝိတ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါပူဝါနယူးဂီနီ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ဆီးရီးယား၊ စသည့် နိုင်ငံများမှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများနှင့် ဇနီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် ဇနီးများ၊ စစ်သံမှူးများနှင့် ဇနီးများ၊ သံတမန်များ၊ မဏိပူရ် ပြည်နယ်မှ ဥပဒေပြုအမတ်၊ အာရှ-အာဖရိကဥပဒေ အတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူးချုပ်၊ အိန္ဒိယစီးပွားရေးနှင့်ကုန်သွယ်ရေးအဖွဲ့ (IETO)၊ အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေးကောင်စီ အပါအဝင် အိန္ဒိယ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အဖွဲ့အစည်းများ၊မြန်မာ-အိန္ဒိယ အသိုက်အဝန်းမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။  အခမ်းအနားတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အလေးပြုခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် Minister of State နှင့်အတူ အာဆီယံသံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများ၊ ဧည့်ခံပွဲသို့ တက်ရောက်လာသည့် သံအမတ်ကြီးများနှင့်အတူ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။  

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၁၃-၃-၂၀၂၃ ရက်)

(၁၃-၃-၂၀၂၃ ရက်၊ ဘရာဇီးလျား) ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mrs. Gloria Corina Anak Peter Tiwet အား ၁၃-၃-၂၀၂၃ရက်၊ (၁၄:၃၀) နာရီတွင် မြန်မာသံအမတ်ကြီး၏ နေအိမ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် ဘရာဇီးလျားမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် အိမ်ရှင်ဘရာဇီးလ် နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာသံရုံးနှင့် မလေးရှားသံရုံးတို့အကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် CTBTO ၏ အကြိမ် (၆၀) မြောက် Working Group B အစည်းအဝေးသို့ တက်ရောက်(၁၃-၃-၂၀၂၃ ရက်)

(၁၃-၃-၂၀၂၃ ရက်၊ ဗီယင်နာ) The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission ၏ အကြိမ် (၆၀) မြောက် Working Group B အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို…

မြန်မာသံရုံး၊ ပေကျင်းမြို့၌ တရုတ်ကျောင်းသားကလေးငယ်များမှ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ တေးသီချင်းဖြင့် လာရောက်ဖျော်ဖြေ(၁၀-၃-၂၀၂၃ ရက်)

(၁၀-၃-၂၀၂၃ ရက်၊ ပေကျင်း) မြန်မာ-တရုတ် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်သည့်အနေဖြင့် ၁၀-၃-၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီတွင် မြန်မာသံရုံး၊ ပေကျင်းမြို့၌ တရုတ်ကျောင်းသားကလေးငယ်များမှ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ တေးသီချင်းအား လာရောက်သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ရှေးဦးစွာ…

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရပ် သိပ္ပံ၊ နည်းပညာနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာတက္ကသိုလ် လေ့လာရေးခရီးစဉ်တွင် ပါဝင်(၉-၃-၂၀၂၃ ရက်)

(၉-၃-၂၀၂၃ ရက်၊ ကိုင်ရို) အီဂျစ်နိုင်ငံနှင့် အာရှနိုင်ငံတို့အကြား သိပ္ပံ၊ နည်းပညာနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ သင်တန်းသားများ၊ နည်းပြများ၊ အပြန်အလှန် စေလွှတ်သင်ကြားလေ့လာခြင်းဖြင့် နှစ်နိုင်ငံ သင်တန်းကျောင်းများနှင့် ပြည်သူများအကြား ဆက်ဆံရေး တိုးမြှင့်လာစေမှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်နိုင်ရန်…

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး National Workshop on Bamboo Sector Development and Bamboo Exhibition အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား(၁၀-၃-၂၀၂၃ ရက်)

(၁၀-၃-၂၀၂၃ ရက်၊ နယူးဒေလီ) အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးနှင့် လယ်သမားများ လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့၌ ၁၀-၃-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် သစ်ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍…

ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် IAEA Board of Governors အစည်းအဝေးတွင် ပါဝင်တက်ရောက်ဆွေးနွေး(၁၂-၃-၂၀၂၃ ရက်)

(၁၂-၃-၂၀၂၃ ရက်၊ ဗီယင်နာ) ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် Vienna International Centre ၌ ၆-၃-၂၀၂၃ ရက်မှ ၁၀-၃-၂၀၂၃ ရက်အထိ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ…

ဟာဗားနားမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ ကျူးဘားသံတမန်ကျောင်း၌ ဆွေးနွေးပို့ချ(၉-၃-၂၀၂၃ ရက်)

(၉-၃-၂၀၂၃ ရက်၊ ဟာဗားနား) ဟာဗားနားမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်နိုင်ဝင်းသည် ကျူးဘားသံတန်ကျောင်း (Higher Institute of International Relations/ Instituto Superior de Relaciones Internacionales–ISRI) ၏ ဖိတ်ကြားချက်အရ ၉-၃-၂၀၂၃…

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက “၁၁၃ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနား” တွင် ပါဝင်ဆင်နွှဲ(၁၀-၃-၂၀၂၃ ရက်)

(၁၀-၃-၂၀၂၃ ရက်၊ နေပြည်တော်) လာအိုနိုင်ငံ အမျိုးသမီးများသမဂ္ဂ (Lao Women’s Union) မှ ကြီးမှူး၍ “DigitALL: Innovation and Technology for Gender Equality” ဆောင်ပုဒ်ဖြင့် (၁၁၃) ကြိမ်မြောက်…