ဆေးကုသမှုများ ခံယူပြီးနောက် ကျန်းမာရေး ပြန်လည်သက်သာကောင်းမွန်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်နိုင်ရေး မြန်မာသံရုံး၊ ရောမမြို့က ကူညီဆောင်ရွက်ပေးခဲ့ခြင်း

(၂၂-၁၁-၂၀၂၆၊ ရောမ) ဆေးရုံတွင် ဆေးကုသမှုများခံယူပြီးနောက် ကျန်းမာရေး ပြန်လည်သက်သာကောင်းမွန်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား ၂၂-၁၁-၂၀၂၆ ရက်တွင် ဖူမီချီနိုလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် လိုအပ်သည့် ကောင်စစ်ဆိုင်ရာ အကူအညီများကို မြန်မာသံရုံး၊ ရောမမြို့က ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာသံရုံး၊ ရောမမြို့မှ…

ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG) ၏ အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/ အဖွဲ့ရုံး ပါဝင်ဆင်နွှဲ

(၂၂-၁၁-၂၀၂၆၊ ဗီယင်နာ) ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG) မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်ကို ဩစတြီးယားစင်တာ၌ ၂၀-၁၁-၂၀၂၆ ရက် ညနေပိုင်းတွင် စတင်ဖွင့်လှစ်ပြီး ၂၁-၁၁-၂၀၂၆ ရက်တွင်ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က ပါဝင်ဆင်နွှဲခဲ့ပါသည်။…

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အကြိမ် (၂၀) မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အကြိမ် (၂၀) မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ၂၁-၁၁-၂၀၂၆ ရက် (စနေနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး…

အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၏ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

​ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံထုတ်ပြန်ချက် (၅) ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့သည်ကို မှတ်သားရသည်။…

မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံက ပရာ့ဂ်မြို့အခြေစိုက် အာရှနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံသည့် နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၀-၁၁-၂၀၂၆၊ ပရာ့ဂ်) ​ပရာ့ဂ်မြို့အခြေစိုက် အာရှနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ (President of the Chamber of Deputies) H.E. Mr. Tomio Okamura တို့ တွေ့ဆုံသည့် နေ့လယ်စာစားပွဲကို…

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ နေပြည်တော် ဆက်သွယ်ရေးရုံး ဖွင့်လှစ်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ နေပြည်တော် ဆက်သွယ်ရေးရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ၂၀-၁၁-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော်ရှိ…

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၀-၁၁-၂၀၂၆၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမား အား ၂၀-၁၁-၂၀၂၆ ရက်၊ ၁၇:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံ…

အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) က ၁၉-၁၁-၂၀၂၆ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံသည် လူမျိုးသုဉ်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention)ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု စွပ်စွဲတင်သွင်းလာသည့် အမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် စီရင်ချက်ချမှတ်ခဲ့သည်။ ယင်းသို့သော…

ပကတိမြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိသော ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အဆိုအား မြန်မာက ပယ်ချ

(၂၀-၁၁-၂၀၂၆၊ နေပြည်တော်) နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအောက်ရှိ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) တွင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၌ ချမှတ်ခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်သည့်…

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဘင်းမ်စတက်အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

(၁၉-၁၁-၂၀၂၆၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်းမ်စတက်အတွင်းရေးမှူးချူပ် မစ္စတာ အင်ဒရာမာနီပန်ဒေး အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲ ၁၆:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။…