မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ နေပြည်တော် ဆက်သွယ်ရေး ရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ၂၀-၁၁-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော်ရှိ ဆက်သွယ်ရေးရုံးအဆောက်အဦအား ပြန်လည်ပြင်ဆင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့သည် ဆက်သွယ်ရေးရုံး၏ ကမ္ပည်းမော်ကွန်းအား အမွှေးနံသာများဖြင့် ပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်


