မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံက ပရာ့ဂ်မြို့အခြေစိုက် အာရှနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံသည့် နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၀-၁၁-၂၀၂၆၊ ပရာ့ဂ်)

​ပရာ့ဂ်မြို့အခြေစိုက် အာရှနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ (President of the Chamber of Deputies) H.E. Mr. Tomio Okamura တို့ တွေ့ဆုံသည့် နေ့လယ်စာစားပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် မွန်းလွဲ ၁၂၀၀ နာရီတွင် ထိုင်းသံအမတ်ကြီး နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ နေ့လယ်စာစားပွဲသို့ မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင် ပါဝင်တက်ရောက်ခဲ့ပါသည်။