နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဘင်းမ်စတက်အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

(၁၉-၁၁-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်းမ်စတက်အတွင်းရေးမှူးချူပ် မစ္စတာ အင်ဒရာမာနီပန်ဒေး အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲ ၁၆၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းရေး၊ မြန်မာနိုင်ငံမှ အလှည့်ကျ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ရေးနှင့် ဘင်းမ်စတက်အဖွဲ့၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။