(၁၉-၁၁-၂၀၂၆၊ ကိုင်ရို)
အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၁၈-၁၁-၂၀၂၆ ရက်နေ့ နံနက် ၁၁၀၀ နာရီတွင် ကိုင်ရိုမြို့ အင်ဒိုနီးရှားသံအမတ်ကြီး၏ နေအိမ်တွင် ကျင်းပပြုလုပ် သည့် ၂၈၇ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်း အဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအား အာဆီယံ-ကိုင်ရိုကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ သံအမတ်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများနှင့် ကော်မတီလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ ၂၀၂၆ ခုနှစ်အတွင်း အာဆီယံ-ကိုင်ရိုကော်မတီ၏ ဆောင်ရွက်ပြီးစီး ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ-ကိုင်ရိုကော်မတီ အဖွဲ့ဝင်နိုင်ငံများက အီဂျစ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများကို အသီးသီးမျှဝေခဲ့ကြရာ မြန်မာသံအမတ်ကြီးက အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကိုင်ရိုရေသတ္တပတ် အစည်းအဝေးသို့ တက်ရောက်ရန် အီဂျစ်နိုင်ငံသို့ လာရောက်ခဲ့သည့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်နောင်၏ ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုများနှင့် ဖြစ်ပေါ်တိုးတက်မှုများကို မျှဝေခဲ့ပါသည်။
အစည်းအဝေးပြီးနောက် အင်ဒိုနီးရှားသံရုံးက အာဆီယံ-ကိုင်ရိုကော်မတီ သံအမတ်ကြီးများနှင့် တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။



